သတင်းထောက်ဆိုတာ
Posted by Morningstar in သတင်းထောက်ဆိုတာ
သတင်းထောက်ဆိုတာပြည်သူလူထုအတွက်၊လုပ်ငန်းတစ်မျိုးမျိုးအတွက်သတင်းအချက်အလက်များ စုဆောင်း ရေးသားခြင်းနှင့်သုတေသန ပြုလုပ်ခြင်းလုပ်ငန်းရပ်များတွင်ပါဝင်လုပ်ကိုင်နေကြသော လူများဟုပြောနိုင်ကြပြီး သတင်းအတတ်ပညာရှင် (journalist) များပင်ဖြစ်သည်။ သတင်းများကိုစုဆောင်းရာတွင်လူပုဂ္ဂိုလ်များထံမှ ရရှိသောSourcesများ၊အစိုးရမှထုတ်ပြန်သောPressReleaseများ၊သတင်းပေးချက်များTipsများနှင့်မိမိတွေ့ရ
သောကိုယ်တွေ့ အချက်အလက်များကိုအခြေခံကာ သတင်းစုစည်းရရှိနိုင်ပါသည်။ထို့ပြင် အင်တာဗျူးလုပ်ခြင်း၊ မှတ်တမ်းများနှင့်အစီရင်ခံစာများကိုလေ့လာခြင်းနှင့် အခြားသောအရင်အမြစ်များ မှတစ်ဆင့်သုတေသန ပြုခြင်း ဖြင့်လည်း သတင်းပညာရပ်သည်အရေးပါလာသည်နှင့်အမျှ မီဒီယာသည် နိုင်ငံ၏ စတုတ္ထမဏ္ဏိုင်ဖြစ်လာပြီးနိုင်ငံ
၏မီဒီယာတိုးတက်မှုနှင့်တိုင်းတာနိုင်ပါသည်။သတင်းစာ၊ရေဒီယို၊၈ျာနယ်များနှင့်အင်တာနက်များအတွက်မှန်ကန်သော သတင်းများကိုစုဆောင်းရေးသားတင်ပြသောသူများသည် သတင်းထောက်ဖြစ်ပေသည်ဟုလဲဆိုနိုင်ပြန်ပါသည်။ သို့ရာတွင်အများပြည်သူအကျိုးငှာဘက်လိုက်ခြင်းမရှိ၊မှန်မှန်ကန်ကန်တိတိကျကျရေးသားခြင်းများ လည်းလိုအပ် လာပါသည်။နည်းပညာ၏ဖွံ့ဖြိုးလာမှုနှင့်အမျှလူတိုင်းသည်CitizenJournalismများဖြစ်လာနိုင်ကြပေပြီ။ အင်တာနက်ပေါ်တွင်မိမိတို့၏နေ့စဉ်မှတ်တမ်းများကိုရေးသားခြင်းနှင့်မျက်မြင်ကိစ္စများကိုဖြန့်ဝေနိုင်ခြင်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ယခုကဲ့သို့ပေါ်ပေါက်လာခြင်းကြောင့်ကမ္ဘာပေါ်ရှိတက္ကသိုလ်များတွင် သတင်းစာပညာရပ်ကိုအထူးပြုပညာရပ်အနေဖြင့်သင်ကြားမှုများစတင်နေကြပေပြီ။မြန်မာနိုင်ငံတွင် ၂၀၀၇-၁၀၀၈မှစတင်ပြီးပညာရေးဝန်ကြီးဌာနနှင့်ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီးဝိဇ္ဇာဘွဲ့သတင်းပညာ သင်တန်းကျောင်းကိုစတင်ပို့ချခဲ့ကြပါသည်။မြန်မာ့စာနယ်ဇင်းလောကတွင်မူသတင်းသမား သတင်းထောက်သည်အသက်အပိုင်းအခြား၊ပညာအရည်အချင်းကန့်သတ်ထားခြင်းမရှိဘဲမိမိ၏ ၀ါသနာပါရမီဖြင့် သတင်းလုပ်ငန်းတစ်ရပ်ရပ်တွင်ဝင်ရောက်လုပ်ကိုင်နိုင်ကြပေသည်။သို့ရာတွင်" A journalist must know something of everything and everything of something." ဟူသောဆိုရိုးစကားကို လက်ကိုင်ထားကြရန်လိုအပ်ပေသည်။
(သွက်လတ် ထက်မြက်သော မီဒီယာလက်နက်ကို ပြည်သူ့အတွက် ကိုင်စွဲနိုင်ကြပါစေ),Morning Star

0
comments »